Wednesday, May 23, 2007

ဒီပို့ကိုမဖတ်ပါနဲ့

မနှိပ်ရလို့ ပြောထားပါလျှက်နဲ့ ဘာဖြစ်လို့နှိပ်တာလဲ
လူတစ်ယောက်မလုပ် စေချင်တာကို လုပ်တယ်ဆိုတော့ သင်က စည်းမစောင့်သူပဲ
ဒီမှာမိတ်ဆွေ မနှိပ်နဲ့လို့ပြောထားတာ တစ်ခြားကြောင့် မဟုတ်ဘူး ဒီနေရလာလို့ သင့်အတွက် ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး
နှိပ်လိုက်တဲ့ အတွက် ပထမဆုံးအနေနဲ့ သင်သည် စည်းမစောင့်သူတစ်ယောက် ဖြစ်သွားပြီ
ဒုတိယအချက် အချိန်ကုန်တယ် ဘာမှအကျိုးမထူးဘူး
ဒါကြောင့် ဆက်ဖတ်မနေပါနဲ့ အခုချက်ခြင်း ပိတ်ပြီး ပြန်ထွက်သွားလိုက်ပါ
အဲဒါသင့် အတွက် အကောင်းဆုံးပါပဲ
ဟယ် . . . .
ပြောနေတယ်လေ အခုထိ ဆက်ဖတ်နေတုန်းပဲလား
အကောင်းပြောတာ ဆက်မဖတ်နဲ့ လုံးဝအကျိုးမရှိဘူးနော်
အနောက်မှာလဲ ဘာမှဆက်ရေးထားတာမဟုတ်ဘူး

ကဲ ကြည့်
မဖတ်ပါနဲ့လို့ အတန်တန် ပြောထားပါလျှက်နဲ့ ခင်ဗျားဆက်ဖတ်လာတာ အခုဆိုရင် တစ်ဝက်တောင်ကျော်နေပြီ
ခင်ဗျားဗျာ အကျိုးမရှိပဲ ဘာကြောင့်ဆက်ဖတ်ချင်ရတာလဲ
သူများမသိစေချင်တာကို သိချင်တာ ခင်ဗျားရဲ့ အကျင့်လား ခင်ဗျားရဲ့ ၀ါသနာလား ဒါမှမဟုတ် လူတွေအားလုံးရဲ့ ပင်ကိုစရိုက်လား
ပြီးတော့ဒီနေရာမှာဘာမှ ရှိတာလဲမဟုတ်ဘူးနော် မြန်မြန်ထွက်လေ မြန်မြန် အကျိုးရှိလေပဲ
ကြည့် ခင်ဗျား အခုထိ မထွက်သေးဘူး ဆက်ဖတ်နေသေးတယ်
ဒါနဲ့ပဲ ကျွန်တော်ရေးတာ ဆုံးတော့မယ်
အကောင်းဆုံးကတော့ အခုထွက်လိုက်ပါ ပိတ်လိုက်ပါ ခင်ဗျားအဖို့တော့ စိတ်အချမ်းသာဆုံး ဖြစ်မှာပါ
ကဲဆုံးသွားပြီ ပြီးတဲ့အထိ ခင်ဗျားဖတ်ခဲ့တယ်နော် ။ ပြန်စဉ်းစားပါဦး ခင်ဗျားဘယ်လို လူလဲ


ဘယ်လိုလဲ စိတ်ပျက်သွားပြီလား။ စိတ်မပျက်ပါနဲ့ဗျာ လူတွေအားလုံးက ဒီလိုချဉ်းပါပဲ
Thursday, March 01, 2007

ကွမ်းအစ်



ကွမ်းအစ်
အနုစိတ်လေ့လာချင်ရင် ဒီကိုနှိပ်

နဂါး ၂

နဂါး ၂
အနုစိတ်လော့လာချင်ရင် ဒီကိုနှိပ်