Wednesday, May 23, 2007

ဒီပို့ကိုမဖတ်ပါနဲ့

မနှိပ်ရလို့ ပြောထားပါလျှက်နဲ့ ဘာဖြစ်လို့နှိပ်တာလဲ
လူတစ်ယောက်မလုပ် စေချင်တာကို လုပ်တယ်ဆိုတော့ သင်က စည်းမစောင့်သူပဲ
ဒီမှာမိတ်ဆွေ မနှိပ်နဲ့လို့ပြောထားတာ တစ်ခြားကြောင့် မဟုတ်ဘူး ဒီနေရလာလို့ သင့်အတွက် ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး
နှိပ်လိုက်တဲ့ အတွက် ပထမဆုံးအနေနဲ့ သင်သည် စည်းမစောင့်သူတစ်ယောက် ဖြစ်သွားပြီ
ဒုတိယအချက် အချိန်ကုန်တယ် ဘာမှအကျိုးမထူးဘူး
ဒါကြောင့် ဆက်ဖတ်မနေပါနဲ့ အခုချက်ခြင်း ပိတ်ပြီး ပြန်ထွက်သွားလိုက်ပါ
အဲဒါသင့် အတွက် အကောင်းဆုံးပါပဲ
ဟယ် . . . .
ပြောနေတယ်လေ အခုထိ ဆက်ဖတ်နေတုန်းပဲလား
အကောင်းပြောတာ ဆက်မဖတ်နဲ့ လုံးဝအကျိုးမရှိဘူးနော်
အနောက်မှာလဲ ဘာမှဆက်ရေးထားတာမဟုတ်ဘူး

ကဲ ကြည့်
မဖတ်ပါနဲ့လို့ အတန်တန် ပြောထားပါလျှက်နဲ့ ခင်ဗျားဆက်ဖတ်လာတာ အခုဆိုရင် တစ်ဝက်တောင်ကျော်နေပြီ
ခင်ဗျားဗျာ အကျိုးမရှိပဲ ဘာကြောင့်ဆက်ဖတ်ချင်ရတာလဲ
သူများမသိစေချင်တာကို သိချင်တာ ခင်ဗျားရဲ့ အကျင့်လား ခင်ဗျားရဲ့ ၀ါသနာလား ဒါမှမဟုတ် လူတွေအားလုံးရဲ့ ပင်ကိုစရိုက်လား
ပြီးတော့ဒီနေရာမှာဘာမှ ရှိတာလဲမဟုတ်ဘူးနော် မြန်မြန်ထွက်လေ မြန်မြန် အကျိုးရှိလေပဲ
ကြည့် ခင်ဗျား အခုထိ မထွက်သေးဘူး ဆက်ဖတ်နေသေးတယ်
ဒါနဲ့ပဲ ကျွန်တော်ရေးတာ ဆုံးတော့မယ်
အကောင်းဆုံးကတော့ အခုထွက်လိုက်ပါ ပိတ်လိုက်ပါ ခင်ဗျားအဖို့တော့ စိတ်အချမ်းသာဆုံး ဖြစ်မှာပါ
ကဲဆုံးသွားပြီ ပြီးတဲ့အထိ ခင်ဗျားဖတ်ခဲ့တယ်နော် ။ ပြန်စဉ်းစားပါဦး ခင်ဗျားဘယ်လို လူလဲ


ဘယ်လိုလဲ စိတ်ပျက်သွားပြီလား။ စိတ်မပျက်ပါနဲ့ဗျာ လူတွေအားလုံးက ဒီလိုချဉ်းပါပဲ

7 Comments:

Blogger စိုးဇေယျထွန်း said...

ဝန်ခံချက် ကျွန်တော် အထက်တန်းကျောင်းသားဘ၀က ဖတ်ဖူးသော ကဗျားလေးတစ်ပုဒ် ကို မှီညမ်းရေးသား ထားခြင်းဖြစ်သည်

8:09 AM  
Blogger MELODYMAUNG said...

ဟားဟား ကနုတ်ပန်းကို link ထားတော့ စိတ်ဝင်စားတာပဲ နှိပ်တယ်ကွာ ဖတ်တယ်ကွာ တခါတလေ အချည်းနှီးဖြစ်ပေမဲ့ တခါတလေ သူများမလုပ်ရဲတာ မလုပ်နိုင်တာကို လုပ်မှ သူများထက်သာသွားတတ်တာလေ။ကဲပါ စည်းမစောင့်သူတော့ မဟုတ်ပါဘူး
ပြန်သွားပြီ

1:05 AM  
Blogger စိုးဇေယျထွန်း said...

ထောင်ချောက်ထောင်ထားတာ မယ်လိုဒီတစ်ယောက်တော့ ထိသွားပြီး ဘယ်သူကျန်သးလဲတော့မသိဘူး

8:49 AM  
Blogger naing said...

စာ၊ ပုံ တစုံတရာ ရှိ မယ်လို့ ထင်မိပါတယ် ၊ စည်းမစောင့်သူပါ ။ အဲဒီအတွက် နှိပ်ခဲ့ ပါတယ် ခင်ဗျာ။

12:47 PM  
Blogger စိုးဇေယျထွန်း said...

နောက်တစ်ယောက် ထပ်မိပြန်ပြီ

4:14 AM  
Blogger hnin said...

သိုးလေးလည်း ထောင်ချောက်ထဲ ၀င်မိသွားတယ်။ သူပဲ ဘာအလေးဆုံးလဲ သိချင် လာခဲ့ဆို။ ဘလော့တွေ အကုန်လိုက်ဖွင့်ပြီးဖတ်နေရတာ ကွန်နက်ရှင်က ကျနေတော့ 1 နာရီကျော်တောင်ကြာသွားတယ်။ အဲဒါ မုန့်မုန့်ပြန်ဝယ်ကွှေးရမယ်နော်။

5:42 AM  
Blogger အောင်ကျော်ဇေယျ said...

မင်းကလီးမို့လို့အဲဒီလို ရေးရသလား ဟေ့အကောင်ရဲ့ နောက်ဆိုရင် မဖွင့်သင့်တဲ့ အရာကို မတင်နဲ့ပေါ့ လီးပဲကွာ

7:48 AM  

Post a Comment

<< Home